
၂၀၂၅ ခုနှစ်၊ ဇွန်လ(စတုတ္ထပတ်)တွင် မကွေးမြို့၏ ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိနေပြီး ဈေးနှုန်းအနည်းငယ်ကျဆင်းနေကြောင်း သိရှိရသည်။ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်အပတ်တွင် ကြံ့နှစ်ကောင်အမှတ်တံဆိပ် (၅၀)kg တစ်အိတ်လျှင် ကျပ်(၂၃၅၀၀)၊ အပါချီအမှတ်တံဆိပ် (၅၀)kg တစ်အိတ်လျှင် ကျပ်(၂၃၀၀၀)ရှိခဲ့ပြီး ယခုအပတ်တွင် ကြံ့နှစ်ကောင်အမှတ်တံဆိပ် (၅၀)kg တစ်အိတ်လျှင် ကျပ်(၂၃၀၀၀)၊ အပါချီ အမှတ်တံဆိပ် (၅၀)kg တစ်အိတ်လျှင် ကျပ်(၂၂၈၀၀)တို့ဖြစ်ကြောင်း သိရှိရသည်။
ဓါတ်မြေဩဇာဈေးနှုန်းအနေဖြင့် တက်တိုးမြေဩဇာ(ကွန်ပေါင်း) (၅၀) kg ပါ တစ်အိတ်လျှင် ကျပ်(၉၇၀၀၀)၊ အာမိုအပြာ (15:15:15) (၅၀) kg ပါ တစ်အိတ်လျှင် ကျပ်(၁၄၀၀၀၀)၊ အာမိုအနက် (16:16:8) ကွန်ပေါင်း (၅၀) kg ပါ တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ သီးစုံ(ဝါ၊စိမ်း၊ပြာ) ကွန်ပေါင်း (၅၀)kg ပါ တစ်အိတ်လျှင် ကျပ်(၉၄၀၀၀)၊ ပုလဲပန်းဖူး(ဖြူ) တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ ဇာမဏီ(ကွန်ပေါင်း) တစ်အိတ်လျှင် ကျပ်(၉၀၀၀၀)၊ ကောမတ် G 46% (ပုလဲ) တစ်အိတ်လျှင် ကျပ် (၉၈၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ဇွန်လ(တတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ချက်အရ ဘိလပ်မြေနှင့် ဓါတ်မြေဩဇာဈေးနှုန်း များမှာ ဈေးနှုန်းအနည်းငယ် ကျဆင်းမှုရှိပြီး ဘိလပ်မြေမှာ ဒေသတွင်းဝင်ရောက်မှုနည်းသော်လည်း ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိကြောင်း အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များမှ လေ့လာသိရှိရပါသည်။
DOCA(မကွေး)