
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ်တွင်ရှိသော တောင်သူများ သခွါးသီးကိုနွေ မိုး၊ဆောင်း သုံးရာသီ စီးပွါးဖြစ် စိုက်ပျိုးကြပါသည်။ ယခုအခါ မိုးရာသီမှာ စိုက်ကြပါသည်။သခွါးအပင်စိုက်ပျိုးရာတွင် ပထမဦးစွာ ပျိုးထောင်ညီညာစွာ ပြုလုပ်ရပါသည်။ တစ်ဘောင်နှင့် တစ်ဘောင်(၃)ပေလောက် ခွဲခြားရပါသည်။ ပြုလုပ်ပြီးပါက မျိုးစေ့များ ချထားရပါသည်။ မျိုးစေ့များချထားရာတွင် တစ်ပင်နှင့် တစ်ပင်ကို(၁)ပေခွဲ ခွာ စိုက်ပျိုး၍(၇)ရက် အတွင်း အပင်ပေါက်လာ၍ ပုလဲမြေဩဇာကျွေး ရပါကြောင်း အပင်တစ်ထွာခန့် ရှိလာသောအခါ နွယ်တက်ရန်တိုင်ထောင်၍ ဝါးစင်တန်းပေးရပါကြောင်း (၁၀)ရက် တစ်ခါပေါင်းထိုး မြက်နှုတ်ပေး ရပါသည်။ တစ်လပြည့်လျှင် အသီး အပွင့်များစတင် ထွက် ရှိလာပါသည်။ ပျပိုးကျရောက်ပါက် ဒိုဆာ၊သန်ဒါ ဆေးနှင့် အသီးအပွင့်အားကောင်းဆေး ပက်ဖျန်းပေးရပြီး စိုက်ပျိုးပြီး (၄၅) ရက်ခန့် ကြာပါက အသီးများစတင်ခူးဆွတ်နိူင်မည် ဖြစ်ပါကြောင်း အသီးပေါ်ဦးစဆိုလျှင် သခွါးသီး တစ်လုံးကိုဖောက် သယ်ဈေး (၂၀၀)ကျပ်မှ (၂၅၀)ကျပ်ထိဖောက်သယ်ပေးရပါသည်။ ယခုဇွန်လ စတုတ္ထပတ် အသီးလှိုင်လှိုင်ထွက်ရှိချိန်တွင် (၁၂၀)ကျပ်နှုန်းဖြင့် ဈေးကောင်းရရှိနေကြောင်း သခွါးစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(ပဲခူး)