Main menu

ပြည်ပဲနီပြားဈေးနှုန်း ဆက်လက်မြင့်တက်လာခဲ့

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပြည်ပဲမျိုးစုံဈေးကွက်မှာ ယခုအပတ်တွင် ပဲနီပြားသီးနှံဈေးမှာ ယခင်လထက်စာလျှင် ဈေးအနည်းငယ်မြင့်တက်လာခဲ့ပါသည်။ ပဲနီပြားဈေးနှုန်းအနေဖြင့် ပိဿာ(၂၀)တစ်တင်းလျှင် (၁၅၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။ ပြည်တွင်း စားသုံးမှုများတဲ့ ပဲဖြစ်သဖြင့် ဈေးလည်းမြင့်တက်လာခဲ့ပါသည်။ ပဲနီပြားကို ပြုတ်၍  ပဲကတ္တီပါပြုတ်အဖြစ် လှည့်လည်ရောင်းချကြသလို ပဲကြော်ဖိုသမားများကလည်း ပဲနီပြား ကြော်လုပ်၍ ရောင်းချကြသဖြင့် ပြည်တွင်းဝယ်လက်သမားများ အဓိက ဝယ်ယူသော ပဲဖြစ်ပါသည်။ အဆိုပါပဲများထဲမှ ပဲနီပြားသီးနှံသည် ယခုနှစ်မှာ ဈေးကောင်းဝင်ပဲသီးနှံထဲပါဝင်နေပြီး ယခင်မေလတွင်  ပိဿာ (၂၀)တစ်တင်း လျှင် (၁၃၀၀၀၀)ကျပ်ဖြစ်ခဲ့ပြီး ယခု ဇွန်လ နောက်ဆုံးပတ်တွင် ပိဿာ(၂၀)တစ်တင်းလျှင် (၁၅၀၀၀၀)ကျပ်ဖြင့် တစ်အိတ်လျှင် (၂၀၀၀၀)ကျပ်ခန့် ဈေးမြင့်တက်လာခဲ့ပါသည်။  ယခင်နှစ်က ဇွန်လအတွင်း ပဲနီပြားတစ်တင်းလျှင် (၁၃၂၀၀၀)ကျပ် ဖြင့် ယခင်နှစ်တွင်ဈေးကောင်းရရှိခဲ့ပါသည်။ ယခုနှစ်မှာတော့ ပဲနီပြားသီးနှံမှာ ဈေးကျလာသော်လည်း လက်ကားဝယ်ယူမှုထက် လက်လီသမားများက ပိုအရောင်းဝယ်ဖြစ်တာကြောင့် တစ်ရက် အိတ် ၂၀ ကျော် ၃၀ ခန့်ရောင်းဝယ်ခဲ့ကြရကြောင်းသိရပါသည်။

DOCA(ပဲခူး)