Main menu

ပြည်ဈေးကွက်တွင်နှမ်းဈေးများဆက်လက်ငြိမ်သက်

Powered by Drupal

     ပြည်ခရိုင်၊ ပြည်မြို့၏ဈေးကွက်များတွင် ဇွန်လစတုတ္ထပတ်တွင် နှမ်းဈေးများ ဆက်လက်ငြိမ်နေပြီး အရောင်းအဝယ်မှာလည်း အနည်းငယ်ဖြစ်လျက်ရှိပါသည်။ ယခုအချိန်တွင် ပြည်ခရိုင်၌ မိုးနှမ်းများစိုက်ပျိုးချိန်ဖြစ်ပြီး ဝင်ရောက်မှုမှာလည်းနည်းသွားပြီး တစ်ခါဝင်လျှင် အိတ် ၂၀/၃၀ခန့်သာရှိသည်ဟု သိရပါသည်။ နှမ်းကို ဆီစက်သမားများကသာ ဆီကြိတ်ရန်လှောင်ထားပြီး ဆီလိုအပ်ချက်ရှိလျှင် ထုတ်၍ ဆီကြိတ်ကြပါသည်။ နှမ်းကို ပြည်ပသို့ တင်ပို့ရန်သာ အသုံးရှိပြီး နှမ်းဆီကို စားသုံးမှုနည်းသဖြင့် ဆီစက်များကလည်း မြေပဲဆီကို ဦးစားပေး၍ ကြိတ်ခွဲကြပါသည်။  နှမ်းဆီမှာ ဆေးဖက်ဝင်သော်လည်း အရသာမှာ ခါးသက်သက်ရှိ၍ စားသုံးသူများကြိုက်နှစ်သက်မှုမရှိ၍ ဆီစက်များကလည်း နှမ်းဆီကို အနည်းငယ်သာ ကြိတ်ခွဲထုတ်လုပ်ကြပါသည်။ ယခုအပတ် နှမ်းဈေးနှုန်းများအနေဖြင့် နှမ်းနီတစ်တင်းလျှင် (၁၂၀၀၀၀)ကျပ်၊ နှမ်းနက်တစ်တင်းလျှင် (၁၇၀၀၀၀) ကျပ်နှင့် စမုံနက်နှမ်းတစ်တင်းလျှင် (၂၀၀၀၀၀)ကျပ်ဖြင့် ပြည်ဈေးကွက်တွင် ယခင်အပတ်ကအတိုင်း ဈေးငြိမ်နေပါသည်။ နှမ်းဆီဈေးမှာလည်း နှမ်းဦးဆီ တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ် နှင့် ရိုးရိုးနှမ်းဆီတစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်ဖြင့်  ရောင်းချလျက်ရှိပါသည်။

DOCA(ပဲခူး)