
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ဇွန်လ တတိယပတ်အတွင်း စားသုံးသူရေးရာဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ကိုယ်စားလှယ်များပါဝင်သော မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဖြင့် Gasifier အသုံးပြု၍ လည်ပတ်ဆောင်ရွက်လျက်ရှိသော အုန်းပင်ကျေးရွာ၊ ကျုံမငေးမြို့၊ ဝါးခယ်မမြို့နယ်ရှိ သစ်ဆန်း ဆန်စက်၏ ရေဆိုးသန့်စင်မှု စနစ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်၊၊
အဆိုပါ ဆန်စက်၏ Gasifer မီးဖိုးမှထွက်ရှိသော စက်ဖွဲပြာများအား စစ်ထုတ်နိုင်ရန်အတွက် ရေစစ်ကန်အတွင်း စတီးဇကာဖြင့် စစ်ထုတ်ထားသော ဖွဲပြာများအား စနစ်တကျသယ်ယူ သန့်ရှင်းခြင်းများပြုလုပ်ရေး၊ ရေစစ်ကန်အတွင်း ရေစီးဆင်းမှုကောင်းမွန်စေရေး သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ထားရှိစေရေးနှင့် ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနများအလိုက် ကြီးကြပ်ဆောင်ရွက်ရန် ကွင်းဆင်းမှာကြားခဲ့ပါသည်၊၊
DOCA(ဧရာဝတီ)