ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ စစ်ဆေးရေးအရာရှိ ဒေါ်ခင်စန်းအေးနှင့်ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး ဥပဒေအခန်းများမှ စစ်ဆေးရေး အရာရှိ၏ လုပ်ငန်းတာဝန်များ အကြောင်းကို အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြပါသည်။
အဆိုပါ Talk Show တွင် စားသုံးသူကာကွယ်ရေး ဥပဒေအနေဖြင့် အခန်း (၂၄) ခန်း ၊ ပုဒ်မ (၈၄) ခုဖြင့် ပြဌာန်းထားရှိပြီး စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များကို အခန်း(၆) ပုဒ်မ (၁၄/၁၅/၁၆) တွင် ပြဌာန်းထားရှိပါသည်။ ပုဒ်မ (၁၄) အရ စစ်ဆေးရေးအရာရှိသည် တိုင်ကြားလာမှုအပေါ် စုံစမ်းစစ်ဆေးရန် (သို့) ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကုန်စည် (သို့) ဝန်ဆောင်မှုများကို စောင့်ကြည့်စစ်ဆေးရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်ရန်အလို့ဌာ ကုန်စည်နှင့် ဝန်ဆောင်မှု စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း နှင့် စစ်ဆေးရေးအရာရှိမှ ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်း၊ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကုန်စည် (သို့) ဝန်ဆောင်မှုများ တွေ့ရှိသည်ဟု သတင်းရရှိပါက မှန်ကန်မှုရှိ/မရှိ စစ်ဆေးခြင်းနှင့် ပုဒ်မ (၁၆) အရ မိမိ၏ တာဝန်များကို ဆောင်ရွက်ရာတွင် လိုအပ်ပါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အကူအညီကို ရယူဆောင်ရွက်နိုင်ကြောင်း တိုင်း/ပြည်နယ်/ခရိုင် မြို့နယ်များ အားလုံး ဈေးကွက်ကွင်းဆင်းစစ်ဆေးမှုများကို စစ်ဆေးရေးအရာရှိများကသာ တာဝန်ယူစိစစ်လျက်ရှိကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်ဟု သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
ဘိုကလေးမြို့နယ် ပြန်/ဆက် ဦးစီးဌာနရုံးတွင် Talk Show ကျင်းပပြုလုပ်
Powered by Drupal