Main menu

ကော့မှူးမြိုနယ်ရှိ ပျံကျဈေးဆိုင်များ ဈေးရောင်းချနေမှုအခြေအနေကွင်းဆင်းစစ်ဆေး

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ စည်ပင်သာယာမြို့မဈေး ပတ်ဝန်းကျင် ပြည်တော်သာရပ်ကွက်(၁)လမ်းမဘေးနှင့် ပြည်တော်သာရပ်ကွက်၊ အခြေခံပညာ မူလတန်းကျောင်းမျက်နှာစာဘက်ခြမ်းတွင် စားသောက်ကုန်၊ အလှကုန်ပစ္စည်းများ ဖြန့်ဖြူး ရောင်းချလျက်ရှိသော ပျံကျဈေးဆိုင်များသို့ ၂၅.၆.၂၀၂၅ ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်စန်းနှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဌာနခွဲစာရေး ဒေါ်အေးသီတာနှင့် ဝန်ထမ်းများ၊ ပြည်တော်သာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်အောင်နှင့်အဖွဲ့ဝင်များပူးပေါင်းအဖွဲ့သည် မြို့နယ်စည်ပင်သာယာမြို့မဈေးပတ်ဝန်ကျင် ပြည်တော်သာရပ်ကွက်(၁)လမ်းမဘေးနှင့် အခြေခံ ပညာမူလတန်းကျောင်း မျက်နှာစာဘက်ခြမ်းတို့တွင် စားသောက်ကုန်၊ အလှကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချလျက်ရှိသော အချိန်ပိုင်း ပျံကျဈေးဆိုင်များအနေဖြင့် ကျောင်းသွား၊ ကျောင်းလာ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ၊ ရပ်ကွက်နေပြည်သူများအဆင်ပြေစွာ ဖြန်သန်းသွားလာနိုင်စေရေးနှင့် စာသင်ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာ လှပစေရေးတို့အတွက် ပျံကျဈေးတန်းအား စာသင်ကျောင်းမျက်နှာစာခြံစည်းရိုးဧရိယာအတွင်း လုံးဝမရောင်းချကြရန်နှင့် ရပ်ကွက်၏ ရေကန်ဘောင်ဘေးအမြေနေရာအတွင်း လမ်းတစ်ဖက်ခြမ်း ပျံကျဈေးတန်းများအား ဖွင့်လှစ်ရောင်းချနိုင်ရေးတို့အတွက် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)