
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ အငြိမ်းစား ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်ခြင်းနှင့် အာဟာရဒါန ထောက်ပံ့လှူဒါန်း ခြင်း၊ အခြေခံစားသောကုန်များကို သက်သာသောဈေးဖြင့် ဝယ်ယူလိုသူများအား (၂၅-၆-၂၀၂၅) ရက်နေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဓနုဖြူမြို့နယ်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပင်စင်စားနိုင်ငံ့ဝန်ထမ်း ဦးရေ(၂၁၅)ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှုအခမဲ့ ဆောင်ရွက်ပေးရာတွင် ပင်စင်စားနိုင်ငံ့ ဝန်ထမ်းများအား သွေးပေါင်ချိန် တိုင်းတာခြင်း၊ ဆီးချို၊ သွေးချိုစစ်ပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်တိုင်းတာခြင်းများ စစ်ဆေးပေးခဲ့ပြီး အထွေထွေရောဂါလူနာများအား လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။ ဆေးကုသမှုခံယူသော ပင်စင်စားနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ဓနုဖြူမြို့နယ်၊ ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီမှ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥများအား သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။
အဆိုပါပင်စင်စားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာ ရောင်းချပေးရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဓနုဖြူမြို့နယ်ကုသရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေး ကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စေတနာရှင်များမှ လိုအပ်သည်များအား ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အခြေခံစားသောက်ကုန်များဖြစ်သော ဆန် ၁၀အိတ် တပြည် ၂၀၀၀ကျပ်၊ ကြက်ဥ အလုံး(၅၀၀၀) ဆလုံးလျှင် ၃၅၀ကျပ်ဖြင့် ဝယ်ယူလိုသော ဘိုးဘွားမိဘများနှင့် ပြည်သူအချိုအားရောင်းချပေးခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)