
ညောင်တုန်းမြိုနယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင် အား မြိုနယ်ကုန်ဈေးနှုန်တည်ငြိမ်ရေး လုပ်ငန်းအဖွဲ့မှ (၂၄.၆.၂၀၂၅) ရက်နေ့ နံနက် (၁၀၃၀)အချိန်က ကွင်းဆင်းစစ်ဆေးပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ညောင်တုန်းမြို့နယ်အတွင်း စက်သုံးဆီဆိုင်များ၌ နေ့စဉ်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများသည် PPRD မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်းရှိ/မရှိနှင့် စက်သုံးဆီပြတ်လပ်မှု ရှိ/မရှိစသည့် အခြေအနေများကို မေးမြန်းစစ်ဆေးခဲ့ပြီး ဆီဆိုင်များ၌ LED Board မှာ တင်ထားသည့်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း သိရှိရပြီး စစ်ဆေးစဉ် ရက်အတွင်း သတ်မှတ်ရည်ညွှန်းဈေးများအတိုင်းရောင်းချနေကြောင်း တွေ့ရှိရပြီး ဆိုင်တာဝန်ခံများအား ဆီပြတ်လပ်မှု ရှိပါက အချိန်နှင့် တပြေးညီ သတင်းပို့ ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)