Main menu

မကွေးတိုင်းဒေသကြီးအတွင်းရှိ လယ်ယာထွက်ကုန်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်နီဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အခြေခံသော တိုင်းဒေသကြီးတစ်ခုဖြစ်သည့်အလျှောက် လယ်ယာထွက်ကုန်သီးနှံများဖြစ်သော ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ကြက်သွန်နီသီးနှံတို့ အဓိကစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပါသည်။ လယ်ယာထွက် ကုန်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်နီသီးနှံကို  စလင်း(ဆင်ဖြူကျွန်း)၊ ပခုက္ကူ၊ ဆိပ်ဖြူမြို့နယ်နှင့် မြို့သစ်မြို့နယ်များတွင် အများဆုံးစိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးမှုအနေဖြင့် မြစ်ချောင်းတစ်လျှောက်ရှိ သဲနုန်းမြေများတွင် အများဆုံးစိုက်ပျိုးကြပြီး အစေ့ကြဲပက်၊ အကန့်ဖော်၊ ဘောင်တင်ပြီး ရေဖြန်း စနစ်ဖြင့် စိုက်ပျိုးကြပါသည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပိဿာ(၄၀၀၀)ကျော် ထွက်ရှိပြီး၊ တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် သိန်း(၄၀)ကျော်ကုန်ကျလျက်ရှိရာ အရောင်း အဝယ်ဖြစ်မှုအနေဖြင့်  ပြည်တွင်းဈေးကွက်များဖြစ်သော ရန်ကုန်၊ ပြည်၊ မန္တလေး၊ မြဝတီမြို့များသို့ တင်ပို့ ရောင်းချလျက်ရှိပါသည်။

     ဈေးနှုန်းအနေဖြင့် ၂၀၂၅ ခုနှစ်၊ မေလတွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၁၇၀၀)၊ ဇွန်လ တွင် ကျပ်(၁၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင် မေလနှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုလတွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၀၀)လျော့နည်း၍ ဈေးအနည်းငယ်ကျဆင်း ကြောင်း၊ ဈေးနှုန်း ကျဆင်းရခြင်းမှာ ပြည်ပဝယ်လက်များမှ ဝယ်ယူမှုနည်းပြီး ပြည်တွင်းစား သုံးမှုသာရှိသည့်အတွက် ဈေးအနည်းငယ်ကျဆင်းခြင်းဖြစ်ပါကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

    ကြက်သွန်နီသီးနှံသည် အခြားသီးနှံများအနက် တွက်ခြေကိုက်သော သီးနှံတစ်မျိုးဖြစ်သည့်အတွက် စိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်ကာ ဈေးကွက်ဝင် ကြက်သွန်ဥများရရှိခြင်းကြောင့် တောင်သူများအနေဖြင့် နှစ်စဉ်မပြတ်စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

DOCA(မကွေး)