Main menu

ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မြေပဲဆီ/နှမ်းဆီ ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မြေပဲဆီ ကြိတ်ခွဲထုတ်လုပ်ရန် မြေပဲဆံ(ဆီဆံ) ရရှိမှု ‌ဒေသတွင်းမှပင် ရရှိနေဆဲဖြစ်ပါသည်။ ဒေသတွင်း မိုးမြေပဲစိုက်ပျိုးထားမှုများမှ ဇူလိုင်လ ကုန်ခန့်တွင် မြေပဲထွက်ရှိလာမည်ဖြစ်ပါသည်။ ကုန်ကြမ်း မြေပဲဆံတစ်ပိဿာ(၉၀၀၀)ကျပ်ရှိခဲ့သဖြင့် မြေပဲ ဆီဈေးနှုန်းမြင့်တက်လာမှုကို တွေ့ရှိရပါသည်။ မြေပဲထွက်ရှိချိန် မန္တလေးဈေးကွက်သို့တင်ပို့ ရန် အားနည်းမှုရှိသဖြင့် ‌ဒေသတွင်းကုန်ကြမ်းလုံလောက်မှုရှိနေပါမည်။ မန္တလေးနှင့် မကွေးတိုင်း ဒေသကြီးတို့မှ မြေပဲဆီဝင်ရောက်မှုရှိနေသည်ကိုတွေ့ရှိရပါသည်။ ဒေသတွင်း ကုန်ကြမ်းလက်ကျန် ရှိနေပြီး ဇူလိုင်လကုန်တွင် မြေပဲထွက်ရှိလာမည်ဖြစ်သဖြင့် မြေပဲဆီဈေးနှုန်း ပြန်လည်နိမ့်ကျလာမည် ဖြစ်ပါသည်။

  မြေပဲဆီဈေးနှုန်း မြင့်တက်ခဲ့မှုကြောင့် နှမ်းဆီကြိတ်ခွဲထုတ်လုပ်မှုပိုမိုလာခဲ့သည်ကို တွေ့ရပါ သည်။ နှမ်းဆီကြိတ်ခွဲထုတ် လုပ်ရန် ကုန်ကြမ်းဝယ်ယူမှုတွင် မျိုးအဖြစ် အသုံးပြုချိန်နှင့် တိုက်ဆိုင် နေသဖြင့် နှမ်းဈေးနှုန်းမြင့်တက်ခဲ့ပြီး နှမ်းဆီဈေးနှုန်း တွင်မြင့်တက်မှုရှိခဲ့ပါသည်။ ဒေသတွင်း နှမ်း စိုက်ပျိုးထားရှိမှုများမှ နှမ်းစိုက်ခင်းများ ဇူလိုင်လ ဒုတိယပတ်ခန့်တွင် စတင်ရိတ်သိမ်းလာမည့် အနေ အထားကို တွေ့ရှိရပါသည်။ နှမ်းဆီကြိတ်ခွဲရန် ကုန်ကြမ်းပေါများလာမည်ဖြစ်ပြီး၊ နှမ်းဈေးကွက် အနေအထားအရ ဈေးနှုန်းနိမ့်ကျမှုရှိနိုင်ပြီး၊ နှမ်းဆီဈေးနှုန်းလျော့ကျမှုရှိလာမည်ဖြစ်ကြောင်း သိရှိ ရပါသည်။

DOCA(နေပြည်တော်ကောင်စီ)