Main menu

ကော့သောင်းမြို့ စားအုန်းဆီ လက်လီ/လက်ကား အရောင်းဆိုင်များတွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

      ၂၀၂၅ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ (၁၆:၀၀)အချိန်တွင် ကော့သောင်းခရိုင် ကုန်သည်ကြီးများအသင်း အစည်းအဝေးခန်းမ၌ ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ် မြသီတာ (ဦးစီးအရာရှိ)သည် ကော့သောင်းခရိုင် လက်ကားကိုယ်စားလှယ် ဦးနိုင်လင်းနှင့်အတူ စားအုန်းဆီ လက်လီအရောင်းဆိုင် (၂၅)တို့အား စားအုန်းဆီများအား သတ်မှတ်ရည် ညွှန်းစျေးနှုန်းဖြင့် ရောင်းချစေရေး တွေ့ဆုံဆွေးနွေးပြောကြားခဲ့ပါသည်။

      အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူး ဒေါ်မြသီတာ (ဦးစီးအရာရှိ)မှ ဌာနအ‌နေဖြင့် စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများဝယ်ယူ သုံးစွဲနိုင်ရေးအတွက် ဌာနမှ ကြပ်မတ်ထိန်းကျောင်းလျက်ရှိပါကြောင်း၊ အပတ်စဉ်ထုတ်ပြန်ထားသည့် ရန်ကုန်အထိုင်ရည်ညွှန်းစျေးအပေါ် ဒေသအရောက်စျေးနှုန်းများပေါ် ၂% အမြတ်ထက်မပိုသော စျေးနှုန်းဖြင့် လက်လီစားအုန်းဆီအရောင်းဆိုင်များမှ ဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းဖြင့် ရောင်းချစေရန်၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုလုပ်ရန်၊ အလေးချိန် တွယ်မှန်ကန်စေရေး၊ ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့မှ လစဉ်လဝက်နှင့် နောက်ဆုံးအပတ်တို့တွင် လက်လီစားအုန်းဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက် ရာတွင် စျေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ မသမာသောနည်းဖြင့် ဖြန့်ဖြူးရောင်းချခြင်းအား စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေး၊ သတိပေး ဆွေးနွေးပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)