Main menu

ကော့သောင်းမြို့ ဆန်ရောင်းချနေသည့် လုပ်ငန်းရှင်များအား ဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်းဖြင့်ရောင်းချစေရေး အသိပေး၊ သတိပေး ဆောင်ရွက်ခြင်း

Powered by Drupal

     ၂၀၂၅ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ ညနေ ၅:၀၀ နာရီအချိန်တွင် ကော့သောင်းခရိုင်ကုန်သည်ကြီးများအသင်း အစည်းအဝေးခန်းမ၌ ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြသီတာ (ဦးစီးအရာရှိ)သည် လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချနေသောဆန်ဂိုဒေါင်နှင့် ဆန်ဆိုင်( ၃၀)ဦးအား ဆန်များ ဖြန့်ဖြူးရောင်းချရာတွင် ဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းဖြင့် ရောင်းချစေရေး တွေ့ဆုံဆွေးနွေး ပြောကြားခဲ့ပါသည်။

     အဆိုပါ တွေ့ဆုံပွဲတွင် ခရိုင်ဦးစီးမှူး ‌‌ဒေါ်မြသီတာ( ဦးစီးအရာရှိ)မှ တက်ရောက်သူများအား မိမိတို့ဒေသသည် ဝမ်းစာဖူလုံမှုမရှိသည့် ခရိုင်ဖြစ်သည့်အတွက် အခြားတိုင်းဒေသကြီး မှာယူရောင်းဝယ်ဖောက်ကားကြပါကြောင်း၊ လစဉ်သတ်မှတ်ရည်ညွှန်းစျေးနှုန်း ထုတ်ပြန်ထားသည့်အပေါ် ၈% ထက် ပို၍ မရောင်းချစေရေး၊ စားသုံးသူပြည်သူများအတွက် ဒေသအတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဆန်စျေးနှုန်းဖြင့် ရောင်းချစေရန်၊ စျေးနှုန်းမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမပြုလုပ်ရန်၊ MyRo ဆန်သိုလှောင်ရုံမှတ် ပုံတင်တွင် လစဉ်လဆန်း ၁ရက် မှ ၇ ရက်နေ့ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်ကို မပျက်မကွက် စာရင်းသွင်းရန်၊ တက်ရောက်လာသူများမှ အခက်အခဲများရှိပါက တင်ပြဆွေးနွေးရန်နှင့် လစဉ်လဝက်နှင့် လနောက်ဆုံးပတ်တို့တွင် ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးလျက်ရှိရာတွင် သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီမှုမရှိပါက အရေး ကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းကို အသိ ပေး၊ သတိ‌ပေးပြောကြားခဲ့သည်ဟု သိရှိရပါသည်။

DOCA(တနင်္သာရီ)