
ကျွန်းလှမြို့ ရပ်ကွက်ဈေးများတွင် သစ်သီးဝလံမျိုးစုံဖြစ်သည့် ပန်းသီး၊ စပျစ်သီး၊ ပန်းသစ်တော်သီး၊ ဖရဲသီး၊ နာနတ်သီး၊ ငှက်ပျောသီး၊ မင်းဂွတ်သီး၊ ဒညှင်းသီး နှင့်သခွားမွှေးသီးတို့ ရောင်းချလျက်ရှိရာမှ ဒိန်ညှင်းသီးကိုလည်း မန္တလေးမြို့၊ အင်းတော်မြို့နှင့် ကသာမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ဒညှင်းသီး ဈေးနှုန်း အနေဖြင့် ဒညှင်းသီး အကြီး တစ်လုံးလျှင်(၃၀၀)ကျပ်၊ ဒညှင်းသီး အလတ် တစ်လုံးလျှင်(၂၅၀)ကျပ် နှင့် အသေး တစ်လုံးလျှင် (၂၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် သစ်သီးဝလံမျိုးစုံ ရောင်းချသည့် ဈေးသည်ထံမှ သတင်းရရှိပါသည်။
Doca(စစ်ကိုင်း)