Main menu

ပဲကြီးစျေးနှုန်းစျေးကွက်

Powered by Drupal

   ပဲကြီးသီးနှံမှာ ပြည်တွင်း၌ စားသုံးမှုပမာဏများပြားပြီး၊ စျေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲကြီး သီးနှံ အပါအဝင် ပဲမျိုးစုံစိုက်ပျိုး မှု (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်းသိရ ပါသည်။ စျေးကွက်အတွင်းသို့ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မြင်းခြံခရိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့်မကွေးတိုင်းဒေသကြီး တို့မှ ဝင်ရောက်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်၊ ဇွန်လတတိယပတ်အတွင်း   ဖြစ်ပေါ်လျက်ရှိသောစျေးမှာ   ၃တင်းဝင် တစ်အိတ်လျှင် ပဲကြီး (ကြီး)  ၃၃၀၀၀၀ ကျပ် နှင့်၃၃၅၀၀၀ ကျပ်၊ ပဲကြီး(လတ်) ၃၀၀၀၀၀ကျပ် နှင့် ၃၂၀၀၀၀ ကျပ်၊ ပဲကြီး(သေး) ၂၇၀၀၀၀ကျပ်နှင့် ၂၈၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ    ပဲကြီး(ကြီး) ၅၉၇၃ကျပ် နှင့် ၆၀၆၃ကျပ်၊ ပဲကြီး (လတ်)၅၄၃၀ ကျပ်နှင့် ၅၇၉၂ကျပ်၊ ပဲကြီး(သေး) ၄၈၈၇ကျပ် နှင့်၅၀၆၈ကျပ် ဖြစ်ပြီး၊ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ပဲကြီး(ကြီး) ၄၈၈၇ကျပ်နှင့် ၅၁၅၈ ကျပ် ၊ပဲကြီး(လတ်) ၄၃၄၄ ကျပ် နှင့် ၄၇၀၆ ကျပ်၊ပဲကြီး(သေး)၃၈၀၁ ကျပ်နှင့် ၄၁၆၃ ကျပ်တို့ ဖြစ် ပေါ် ခဲ့ကြောင်းသိရ ပါ တယ်။ ယခုစျေးနှင့်ယခင်နှစ်ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲကြီးစျေး မှာ ပိုမိုရရှိကြောင်း သိရ ပါသည်။

DOCA(မန္တလေး)