
ကုလားပဲသီးနှံမှာပြည်တွင်း စားသုံးမှုများပြားပြီး၊ ပြည်ပတင်ပို့သည့် ပဲတစ်မျိုးဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇)ဧက ဖြစ် ကြောင်း သိရ ပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဇွန်လတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် အမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်း ဝင်တစ်အိတ်လျှင်ကုလားပဲ(V-2) ၂၆၀၀၀၀ ကျပ်၊ကုလားပဲ(ထိုင်ဝမ်) ၂၄၅၀၀၀ကျပ် နှင့်၂၄၈၀၀၀ကျပ်၊ ကုလားပဲ(929) ၂၅၃၀၀၀ ကျပ်နှင့် ၂၅၅၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ကုလားပဲ(V-2)၄၅၄၁ကျပ်၊ ကုလားပဲ(ထိုင်ဝမ်)၄၃၅၆ကျပ်နှင့်၄၄၀၉ကျပ်၊ ကုလားပဲ(929) ၄၄၉၈ ကျပ်နှင့် ၄၅၃၃ ကျပ်တို့ဖြစ်ပြီး၊ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ကုလားပဲ(V-2) ၄၄၃၇ ကျပ်နှင့် ၆၁၆၆ကျပ်၊ (V-7)၃၅၉၄၄ကျပ်နှင့် ၄၆၁၁ ကျပ်၊ ကုလားပဲ(ထိုင်ဝမ်)၄၁၆၀ကျပ်နှင့် ၄၁၇၈ ကျပ်၊ကုလားပဲ(929) ၄၃၂၀ကျပ်နှင့်၄၂၆၇ ကျပ်စျေးတို့ဖြစ်သည့်အတွက် ကာလတူပေါက်စျေး နှိုင်းယှဉ်ပါက ကုလားပဲ(929) တစ်ပိဿာလျှင် ၂၆၆ ကျပ်စျေးပိုမိုရရှိကြောင်း သိရပါသည်။ ဝင်ရောက်မှုပမာဏပေါ်မူတည်၍ ရက်အလိုက် စျေးအနည်းငယ်ပြောင်းလဲမှုရှိပြီး၊ စျေးကွက် အတွင်းကုလားပဲမှာ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။
DOCA(မန္တလေး)