Main menu

အရောင်းသွက်သည့် ပဲတီစိမ်း

Powered by Drupal

  ပြည်တွင်းစားသုံးမှုနှင့်ပြည်ပသို့တင်ပို့သည့်ပဲတီစိမ်းမှာ စျေးကောင်းရသည့် ပဲအမျိုးအစား ဖြစ်ပါသည်။ မန္တလေးပဲမျိုးစုံစျေးကွက်သို့ ပဲတီစိမ်းဝင်ရောက်မှုအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ဝင် ရောက်ကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ ခုနှစ် ပဲတီစိမ်းစိုက်ပျိုး မှု (၂၇၀၉၅၈)ဧက၊ ရိတ်သိမ်း(၂၅၃၄၄၁)ဧက၊ အထွက်နှုန်း(၁၁.၆၄)တင်းနှင့် အထွက် (၂၉၄၉၀၁၇) တင်း ဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာ ကထိန်တော် အသင်း တွင် ၂၀၂၅ခုနှစ်ဇွန်လတတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသောစျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲတီစိမ်းအညာ ၂၈၀၀၀၀ ကျပ်နှင့် ၃၈၀၀၀၀ ကျပ်၊ပဲတီရွှေဝါ(ပဲခွဲ)၂၃၀၀၀၀ ကျပ်နှင့် ၂၅၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာပဲတီစိမ်းအညာ ၄၉၇၈ကျပ်နှင့် ၆၇၅၆ ကျပ်၊ ပဲတီရွှေဝါ(ပဲခွဲ) ၄၀၈၉ ကျပ်နှင့် ၄၄၄၄ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲတီစိမ်း (အညာ) ၃၂၈၉ ကျပ်နှင့် ၃၅၂၀ ကျပ်၊ပဲတီစိမ်း(ပဲခွဲ)၂၈၄၄ ကျပ်နှင့်၂၉၃၃ ကျပ်ဖြစ် ပေါ်ခဲ့ပြီး၊ ကာလတူ စျေးနှိုင်း ယှဉ်ပါက ပဲတီစိမ်းအညာ မှာ တစ်ပိဿာလျှင် ၃၀၀၀ ကျပ်စျေး ပိုမိုရရှိကြောင်းသိရပါသည်။ ပဲတီစိမ်းဝင်ရောက်မှုပမာဏပေါ်မူတည်၍ ရက်အလိုက်ပေါက်စျေး အနည်းငယ်ပြောင်းလဲမှုရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)