
မြေပဲမှာ စားသုံးဆီကြိတ်ခွဲခြင်းလုပ်ငန်းများနှင့် စားသောက်ကုန်တို့တွင် အသုံးပြုခြင်း တို့ကြောင့် ပြည်တွင်းစျေးကွက် လိုအပ်ချက်များပြီး၊ ပြည်ပတင်ပို့သည့် စျေးကွက်ဝင်ကုန်စည်ဖြစ် ကြောင်းသိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံမြေပဲအား မိုးနှင့် ဆောင်း ရာသီများတွင် စိုက်ပျိုးပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၀၃၇၅၂ ဧက၊ရိတ်သိမ်းမှု ၃၁၀၀၇၉ ဧက၊ အထွက် နှုန်း ၄၂.၆၅ တင်း၊ အထွက်စုစုပေါင်း ၁၃၂၂၃၆၄၉ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်ဇွန်လ တတိယ ပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့်ပေါက်စျေးများမှာ မြေပဲတစ်ပိဿာလျှင် S1 လုံးဆံ ၉၂၀၀ ကျပ် နှင့် ၉၃၀၀၀ ကျပ်၊ S1 ဆီဆံ ၈၃၀၀ကျပ်နှင့် ၈၅၀၀ကျပ်၊ S1 ရွေးဆံ ၈၈၀၀ ကျပ်နှင့် ၉၂၀၀ကျပ်၊ အနီလုံးဆံ ၈၈၀၀ ကျပ်နှင့် ၉၂၀၀ကျပ်၊အနီဆီဆံ ၈၆၀၀ ကျပ်နှင့် ၈၈၀၀ကျပ်၊ M တွဲ ဆီဆံ ၈၈၀၀ ကျပ်နှင့်၉၀၀၀ ကျပ် နှင့်ပဲဖတ် ၄၇၀၀ ကျပ်နှင့် ၄၇၅၀ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင် နှစ်ကာလတူ တစ်ပိဿာစျေးမှာS1 လုံးဆံ ၇၅၀၀ကျပ်နှင့် ၇၆၀၀ ကျပ်၊ S1 ဆီဆံ ၆၈၀၀ ကျပ်နှင့် ၇၀၀၀ကျပ်၊ S1ရွေးဆံ ၇၂၀၀ကျပ်နှင့် ၇၃၀၀ကျပ်၊ Mတွဲ လုံးဆံ ၇၃၀၀ ကျပ်နှင့် ၇၄၀၀ကျပ်၊ Mတွဲဆီဆံ ၇၂၀၀ကျပ်နှင့်၇၃၀၀ကျပ်၊အနီလုံးဆံ(ရှည်) ၇၀၀၀ကျပ်နှင့် ၇၂၀၀ကျပ်၊ အနီလုံးဆံ (ဝိုင်း) ၇၅၀၀ ကျပ်နှင့် ၇၇၀၀ ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ ကာလတူ စျေးနှိုင်းယှဉ် ပါကတစ်ပိဿာလျင် ၂၀၀၀ ကျပ်အထက်ပိုမိုရရှိကြောင်း သိရပါသည်။
DOCA(မန္တလေး)