
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုး ဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည် ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ(တတိယပတ်)တွင် ဂန္ဓမာပန်း ဈေးနှုန်းဖြင့် ဂန္ဓမာပန်း အပွင့်ကြီး (၅)ခက်ပါ တစ်စီးလျှင်(၃၅၀၀)ကျပ်၊ ဂန္ဓမာပန်း အပွင့်လတ်(အဖြူ)(၅)ခက်ပါ တစ်စီးလျှင် (၁၃၀၀)ကျပ်၊ ဂန္ဓမာပန်း အပွင့်လတ်(အဝါ၊ ခရမ်း၊ နီညို့)(၅)ခက်ပါ တစ်စီးလျှင်(၁၂၀၀)ကျပ် ဂန္ဓမာပန်း အပွင့်အသေး (အဖြူ)(၅)ခက်ပါ တစ်စီးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်း ကျွန်းလှ မြို့ သစ်ရာမြိုင်ဈေးတွင် ဘုရားပန်းမျိုးစုံ ရောင်းချ နေသော ပန်းသည် ထံမှ သိရှိရပါသည်။
Doca(စစ်ကိုင်း)