
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ခရမ်းကျွတ်သီးများ စိုက်ပျိုးထားပြီး ယခုအချိန်တွင် လှိုင်လှိုင်ပေါ်ထွက်နေပြီဖြစ်ကြောင်းသိရပါသည်။ခရမ်းကျွတ်သီး မျိုးမှာအဖြူသီး၊ ခရမ်းရောင်သီး၊ စိမ်ဖြူကြားသီးဟူ၍(၃)မျိုးရှိရာအဖြူသီးကိုသာစိုက်ပျိုးကြောင်း သိရသည်။ ရန်ကုန်ဈေးကွက်သို့လည်း တင်ပို့ရောင်းချကြောင်း သိရသည်။
ခရမ်းကျွတ်သီးကို (၁၂) လရာသီပတ်လုံး စိုက်ပျိုးပြီး ခူးစွတ်နိုင်ကြောင်းလည်း သိရပါသည်။ ကန်ကြီးထောင့်မြို့၊ မြို့မဈေးသစ်ရှိ ခရမ်းကျွတ်သီးရောင်းချနေသော ဈေးနှုန်းမှာ တစ်ပြည်လျှင် (၂၅၀၀) ကျပ်၊ (၆)လုံးပါတစ်စီးလျှင် (၂၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)