Main menu

ထားဝယ်မြို့ရှိ သပြေပန်းဈေးနှုန်း

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင်သာမက အခြားသောဒေသများတွင်လည်း ပန်းစိုက်ပျိုးရေးလုပ်ငန်းများကို မိသားစုတစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြပြီး ပန်းမျိုးပေါင်း များစွာရှိသည့်အနက် မြန်မာလူမျိုးတို့သည်  သပြေပန်းကို ဘုရားပန်းကပ်လှူရာ၌သာ အများဆုံး အသုံးပြုကြကြောင်း၊ သပြေပန်းကို ယခင်ကတောတောင်များ၌သာ တွေ့ရလေ့ရှိပြီး ယခုအခါ မိမိတို့ ခြံဝင်းများ၌ သပြေပင်များကို ခြံဖွဲ့၍စိုက်ပျိုးလျက်ရှိကြောင်းသိရှိ ရသည်။

       သပြေပန်းကို အခက်စည်းနှင့် အငုတ်ဟူ၍ (၂)မျိုးရောင်းချလျက်ရှိပြီး၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်အတွင်း သပြေပန်းခက်(၁)စည်း လျှင် (၁၀၀၀)ကျပ်၊ သပြေငုတ် (၁) ငုတ် လျှင် (၃၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း ပန်းရောင်းသူများထံမှ သိရှိရပါသည်။

 

DOCA(တနင်္သာရီ)