Main menu

ပုသိမ်မြို့နယ်တွင် ရောင်းချလျက်ရှိသော ခရမ်းကြွပ်သီး ဈေးနှုန်းအခြေအနေ

Powered by Drupal

            ပုသိမ်မြို့နယ်သည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဟင်းသီးဟင်းရွက်နှင့် ရာသီစာသီးနှံများ စိုက်ပျိုးရောင်းချမှု စည်ကားသော ဒေသဖြစ်သည်။ ယခုအခါတွင် မြို့နယ်အတွင်းရှိ ဒေသခံရွာများမှတစ်ဆင့် မြို့နယ်အတွင်းရှိ ဈေးများသို့လာရောက်တင်ပို့ ရောင်းချလျက်ရှိပါသည်။ ယခုအခါတွင် ဒေသခံများအား ခရမ်းကြွပ်သီးများ စိုက်ပျိုးရောင်းချမှုကို ပုသိမ်မြို့မဈေး၊ ကုလားကုန်းဈေး၊ ကမ်းနားဈေးများတွင် တွေ့ရှိရပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဈေးနှုန်းမှာ ခရမ်းကြွပ်သီး (၆ လုံး တစ်တွဲ) ၆၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

            ခရမ်းကြွပ်သီးများကို အများအားဖြင့် မြန်မာ့လူမျိုးတို့အကြိုက် ငါးပိရည်နှင့်တွဲဖက်၍ လည်းကောင်း၊ ရုံးပတီသီးနှင့်တွဲဖက်၍ ရခိုင်စာဟင်းလှော်အဖြစ်လည်းကောင်း၊ ငပိထောင်း၊ ဘဲဥချဉ်ဟင်းတို့နှင့်လည်းကောင်း တွဲဖက်စားလေ့ရှိကြပါသည်။ အရောင်အသွေးအားဖြင့် အဖြူရောင်၊ ခရမ်းရောင်ဆိုပြီး အရောင်အသွေး စုံလင်စွာနဲ့ တွေ့ရတတ်ပါတယ်။ အိမ်ရှင်မများနှင့် ထမင်းဆိုင်များတွင် အများဆုံးအသုံးပြုကြသည်။ ထို့ကြောင့် ခရမ်းကြွပ်သီးများ၏ အရောင်းအဝယ်မှာ ပုသိမ်မြို့နယ်တွင် သွက်လက်လျက်ရှိကြောင်း ဈေးရောင်းသူများထံမှ သိရှိပါရသည်။

DOCA(ဧရာဝတီ)