Main menu

ဓနုဖြူမြို့နယ် ဒေသထွက် ရွှေဝါထွန်းပဲမုန့်လုပ်ငန်း ဈေးကွက်ရရှိနေမှူ အခြေအနေ

Powered by Drupal

             ဒေသတွင်း တပိုင်တစ်နိုင် မုန့်လုပ်ငန်းထုန်လုပ်သော ဓနုဖြူမြို့(၅)ရပ်ကွက်၊ ဥမ္မာဒန္တီလမ်းရှိ ရွှေဝါထွန်းပဲမုန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုနှင့် ဈေးနှုန်းဈေးကွက်ရရှိနေပြီး ဒေသတွင်းမှ အခြားမြို့နယ်များသို့လည်း ရောင်းချလျက်ရှိကြောင်း သိရသည်။

             ရွှေဝါထွန်းပဲမုန့် ထုတ်လုပ်မှု အနေဖြင့် အဓိကကုန်ကြမ်း ဂျုံနှင့် ပဲအနှစ်ကို ပြုလုပ်ကြောင်း၊ ကုန်ကြမ်းများကို ရန်ကုန်မှ မှာယူဝယ်ယူအသုံးပြုပြီး ဆီ၊ သကြား စသော ပစ္စည်းများကို မြို့နယ်တွင်းမှ ဝယ်ယူရရှိကြောင်း၊ ပဲမုန့်လုပ်ငန်းကို သိန်းနှစ်ဆယ်ရင်းနှီးထားပြီး၊ ပဲမုန့် ပါကင်တစ်ဗူးတွင် ဆယ်ခုပါဝင် ထုပ်ပိုးပြီး တစ်နှစ်ထုတ်လုပ်နိုင်မှု မှာ  တစ်သောင်း နှစ်ထောင် ထုတ်လုပ်နိုင်ကြောင်း၊ ဈေးနှုန်းအနေဖြင့် ၁၀ခုပါ တစ်ဗူးလျှင် ငွေကျပ် ၄၀၀၀ကျပ်ဖြင့် ရောင်းချပြီး တစ်ရက်လျင် ဗူး ၇၀ထုတ်လုပ်ပြီး တစ်လလျှင် ရက် ၂၀သာထုတ်လုပ်သောကြောင့်  ပဲမုန့် ဗူး ၁၀၀၀သာ ထုတ်လုပ်ပြီး ရွှေဝါထွန်းပဲမုန့်ကို ၁၉၇၉ခုနှစ်တည်းက စတင်ခဲ့ပြီး တစ်ပိုင်တစ်နိုင်သာရောင်းချနေပြီး ဈေးကွက်အနေဖြင့် အခြားမြို့နယ်များသို့ ဖြန့်ဖြူးရောင်းချခြင်းမရှိပဲ ဒေသတွင်းသာ ရောင်းချနေသော လုပ်ငန်းတစ်ခုဖြစ်သည်။  ရွှေဝါထွန်းပဲမုန့်သည် စားသုံးသူရေးရာ ဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုရာအချက်အလက် ထောက်ခံချက်ရရှိထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)