Main menu

ညောင်ဦးမြို့ရှိ (ကွာစေ့)ဖရုံဈေးနှုန်း

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ(ကွာစေ့) ဖရုံသီးများကို မိမိတို့ပိုင်ယာမြေများတွင် တနိုင် တပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။ (ကွာစေ့)ဖရုံသီးအနုကို ကြာဇံ၊ ခေါက်ဆွဲတို့နှင့် ရောချက်၍သော်လည်းကောင်း၊ ပိုးတီရစ်၍ ဖရုံချဉ်လုပ်သိပ်ထားပြီး ငရုတ်သီးကြမ်းနှင့် ကြော်စား ၍သော်လည်းကောင်း စားသုံးကြပါသည်။ ၂၀၂၅ ခုနှစ် ဇွန်လတတိယပတ်တွင် ဘုန်းဇဉ်ဈေး၌ ရောင်းချနေသည့်(ကွာစေ့) ဖရုံသီးဈေးနှုန်းအနေဖြင့် ပေါ်ကာစ အနုအသေးတစ်လုံးလျှင်(၂၀၀)ကျပ်၊ အကြီးတစ်လုံးလျှင်(၃၀၀)ကျပ်ဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)