
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်းရှိ သွားတိုက်ဆေးအမျိုးမျိုးရောင်းချသော ဆိုင်များသို့ “Signal” အမှတ်တံဆိပ်သွားတိုက်ဆေးနှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား ၂၀.၆.၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စည်ပင်သာယာမြို့မဈေးအတွင်းရှိ အလှကုန်ဆိုင်များတွင် ရောင်းချနေသော “Signal” အမှတ်တံဆိပ်သွားတိုက်ဆေးနှင့်စပ်လျဉ်း၍ ကုန်စည်အတုများ ရောင်းချနေခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ “Signal” အမှတ်တံဆိပ်ကုန်ပစ္စည်းအစစ်နှင့် ကုန်ပစ္စည်းအတု၏ ကွာခြားချက်များနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးပြောကြားခြင်း၊ အဆိုပါ သွားတိုက်ဆေးအပါအဝင် အခြားကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ မပါရှိပါက ဈေးကွက်အတွင်း ရောင်းချခြင်း မပြုလုပ်ကြရန်နှင့် “Signal” အမှတ်တံဆိပ်သွားတိုက်ဆေးအတုများအား ရောင်းချခြင်းမပြုလုပ်ကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)