
ဗြိတိန်နိုင်ငံသည် သားငါး အပါအဝင် ပင်လယ်ဒေသ ထွက်ကုန်များအား ပြည်ပသို့ တင်ပို့နေသကဲ့သို့ ပြည်တွင်းအသုံးပြုရန်အတွက် ပြည်ပမှတင်သွင်းမှု များကိုလည်း တစ်ပြိုင်နက်တည်း ဆောင်ရွက် လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ် တစ်နှစ်တာ ကလအတွင်း၌ သားငါး အပါအဝင် ပင်လယ်ဒေသ ထွက်ကုန်များအား ပေါင် ၂ ဘီလျံ တန်ဖိုးအထိ ပြည်ပကို တင်ပို့နိုင်ခဲ့သဖြင့် ယခင်နှစ် (၂၀၂၃) တင်ပို့နိုင်မှုဖြင့် နှိုင်းယှဉ်ပါက ၁၃% အထိ တိုးတက်လာခဲ့ သည်ကိုလည်း တွေ့ရှိရပါတယ်။ ပြည်ပမှ ဝယ်ယူတဲ့ သားငါး ပမာဏမှာလည်း ပေါင် ၃.၈ ဘီလျံ အထိ ရှိခဲ့သည့်အတွက် ယခင်နှစ်ဖြင့် နှိုင်းယှဉ်ပါက ၁.၆% တိုးလာ ခဲ့ပါသည်။ ဗြိတိန်နိုင်ငံ၏ Seafood များအား တင်ပို့သူတစ်ဦးအနေနဲ့တင်မက၊ တင်သွင်းသူအနေနဲ့ပါ ဈေးကွက်အတွင်းမှာ ဈေးကွက်မှာ လှုပ်ရှားမှု (market activity) မြင့်တက်လာအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါသည်။
DOCA(ဧရာဝတီ)