
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့အတွင်းရှိ ကျေးရွာများနှင့်မြို့ပေါ်ရပ်ကွက် များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီးကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး ကန်ကြီးထောင့်မြို့၊မြို့မဈေးသစ် တွင်ရောင်းချလျှက်ရှိကြောင်း သိရပါသည်။
ယခုအခါ ကန်ကြီးထောင့်မြို့ရှိ ဈေးကြီးတွင်း ပဲတောင့်ရှည်သီး ဈေးနှုန်းများမှာ ပဲတောင့် ရှည်သီး အစီးငယ်တစ်စီးလျှင် (၃၀၀) ကျပ်ရှိပြီး ပဲတောင့်ရှည်သီးတစ်စီးလျှင်(၁၅၀၀)ကျပ်ရှိကြောင်း ရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)