Main menu

ပဲတောင်ရှည်လှိုင်လှိုင်ထွက်၍ ဈေးကောင်းရ

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၌ ရာသီအလိုက် ပဲသီးနှံအမျိုးမျိုးနှင့်ဟင်းသီးဟင်းရွက် ပဲတောင့်ရှည်ပင်များ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ယခုလအတွင်း မိုးရာသီ ဟင်းသီးဟင်းရွက် စိုက်ခင်းများမှ ပဲတောင့်ရှည် များလှိုင်လှိုင် ထွက်လျက်ရှိသည်။

          ၂၀၂၅ခုနှစ် ဇွန်လမိုးဦးကာလအတွင်း ဟင်းသီးဟင်းရွက် ၃၃၈ ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှသိရပြီး ပဲတောင့်ရှည်သည် အနယ်နယ်အရပ်ရပ် ဟင်းသီးဟင်းရွက်စျေးကွက်များ၌ နှစ်စဉ်ရောင်းအားကောင်းခဲ့၍ ယခုနှစ် မအူပင်မြို့နယ်၌ ပဲတောင့်ရှည်စိုက်ပျိုးသူများပြားလာကြောင်းသိရှိရသည်။

           ထိုပဲတောင့်ရှည်ပင်ကို မိုးဦးကျမှစ၍ စတင်စိုက်ပျိုးလေ့ရှိကြပြီး ရက်၃၀ ခန့်ကြာလျှင် စတင်ဆွတ်ခူးရောင်းချနိုင်ကြောင်း၊ တန်းခြားသုံးပေခန့်၊ပင်ခြားတစ်ပေခန့် ခွာကာဝါးတိုင်များ ထောင်၍စိုက်ပျိုးရ၍ တိုင်ထောင်ပဲဟုလည်းခေါ်ဆိုကြကြောင်း၊ တစ်ဧကလျှင်စုစုပေါင်း စိုက်ပျိုးမှုကုန်စရိတ် ငွေကျပ် သုံးသိန်းကျော်ရှိကြောင်း၊ ပဲသီး ၁၀တောင့်စီး ၁စီးလျှင် ၅၀၀-၇၀၀ကျပ်ရောင်းချနေကြောင်း၊ ၁ဧက ကုန်ကျစရိတ် ၃သိန်းကျပ်ရှိပြီး ၁ဧက အကျိုးအမြတ်အနေဖြင့် ၃သိန်းကျပ် ကျန်ရှိကြောင်း မိုးဦးကာလတွင်  ဒေသခံကုန်စိမ်းဒိုင်များက စျေးကောင်းပေး ဝယ်ယူနေကြ၍ စိုက်ပျိုးထုတ်လုပ်သူများ အကျိုးအမြတ်ရရှိလျက်ရှိကြောင်း ကျေးလက်တောင်သူများထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)