Main menu

မြန်အောင်မြို့မနေခြည်ဈေးရှေ့တွင် အခြေခံစားသောက်ကုန် ဆန်၊ ဆီ နှင့် ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးခြင်း

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေး ကော်မတီမှ ဦးဆောင်ကာ(၂၀.၆.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀) နာရီအချိန်မှစတင်၍ အခြေခံစားသောက်ကုန်  ဆန်၊ဆီ၊ ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများဝယ်ယူအသုံးပြုနိုင်ရေး ရောင်းချပေး လျက်ရှိပါသည်။ ဆန်၊ ကြက်ဥနှင့် စားအုန်းဆီများရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်နှင့် မြန်အောင်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ရောင်းချရာတွင် ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန် ကြက်ဥ တစ်လုံးလျှင် ၃၀၀/- ကျပ်ဖြင့် အလုံး ၅၀၀ ကို လည်းကောင်း၊ စားအုန်းဆီ ၅၀ ကျပ်သား (ဘူးခွံအပါ)လျှင် ၃၅၀၀/- ကျပ်နှုန်းဖြင့် ပိဿာချိန် (၁၀၀)နှင့် ဆင်းသုခ ဆန်တစ်ပြည်လျှင် ၂၀၀၀/- ကျပ် တစ်ဦးလျှင် (၂)ပြည်နှုန်းဖြင့် ဆန်(၅)အိတ် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ရောင်းချ ခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ရောင်းချခဲ့ပြီး ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)