Main menu

ရာသီပေါ်ရွှေဖရုံညွှန့်ဈေးနှုန်း၊ဈေးကွက်

Powered by Drupal

            မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော လေးအိမ်တန်း၊ ဘောလုံး၊ လှိုင်းတက်၊ အနိမ့်နှင့် နဘူးအိုင်ကျေးရွာများမှ တောင်သူများက မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရ ရှိရန်  ဥယျာဉ်ခြံမြေများ စိုက်ပျိုးလျှက်ရှိရာ ထွက်ရှိသောရွှေဖရုံညွှန့်များကို တောင်သူများက အေးမြသီတာဈေးသို့ လာရောက်‌ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်တွင် ရောင်းချ နေသော ရွှေဖရုံညွှန့် (၂၅) ကျပ်သားလျှင် (၁၅၀၀) ကျပ် ပေါက်ဈေးများရှိကြောင်း၊ ယခုမိုးရာသီ အချိန်တွင် ရာသီပေါ်ရွှေဖရုံညွှန့်များ လှိုင်လှိုင်ထွက်ပေါ်ချိန်ဖြစ်သောကြောင့် ပေါပေါများများရရှိ နိုင်ကြောင်း၊ လူကြိုက်များသော ရွှေဖရုံညွှန့်များ စားသုံးမှုများ၍  အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တောင်သူများ အနေဖြင့်အပိုဝင်ငွေရရှိကြောင်း သိရှိရသည်။  ကျန်းမာရေးအကျိုးကျေးဇူးအနေဖြင့် ရွှေဖရုံညွှန့်သည် အမျှင်ဓာတ်ကြွယ်ဝသဖြင့် အစာခြေစနစ်ကိုကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးကြောင်း၊ ပိုတက်ဆီယမ် ပါဝင်သောကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံး ရောဂါကိုလျော့ချပေးကြောင်း၊ ဗီတာမင် အေ၊ စီ ပါဝင်သောကြောင့် ကိုယ်ခံအားကိုမြှင့်တင်ပေး၍ အရွယ်တင်နုပျိုစေကြောင်းသိရှိရသည်။ 

DOCA(မန္တလေး)