Main menu

“ပေါ်ဦးပေါ်စ မကျည်းသီးစိမ်းများဈေးကောင်းရ”

Powered by Drupal

  မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် အပူပိုင်းဒေသဖြစ်သည့်အလျောက် ထနောင်းပင်၊တမာပင်နှင့်မန်ကျည်းပင်များလည်း‌ အလေ့ကျပေါက်ရောက်လျက်ရှိရာ ၄င်းအပင်များ အနက် မန်ကျည်းပင်များအား မိမိဝိုင်းခြံအတွင်းတွင်လည်း အရိပ်ရအောင် စိုက်ပျိုးကျသူများလည်း ရှိပါသည်  ။  မန်ကျည်းပင်သည် အပင်တစ်ပင်လုံး အသုံးဝင်ကြောင်း ၊ အရွက်နုသည်မှ  အသီး သီးချိန်အထိအသုံးဝင်ပါကြောင်း ၊ မန်ကျည်းသီးစိမ်း နုနုလေးများကိုလည်း ခူး၍ရောင်းချရကြောင်း၊ ဇွန်လဆန်းမှစတင်၍ မန်ကျည်းသီးစိမ်းများ စတင်ထွက်ပေါ်လျက်ရှိရာ မန်ကျည်းသီးစိမ်း တစ်ဆယ် ကျပ်သားလျှင် (၃၅၀၀/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ၊ ခူးယူရောင်းချသူများမှာ ဈေးထဲသို့ ကိုယ်တိုင်လဲရောင်းချကြသလို ကုန်စိမ်းသီးနှံဆိုင်များသို့လည်း ဖောက်သည်ပေး ရောင်းချလျက်ရှိ ကြောင်း ၊ မန်ကျည်းတစ်ပင် စိုက်ပျိုးထားလျှင် သားတစ်ယောက် သဖွယ်အားထားရကြောင်း ၊ မန်ကျည်းပင်စိုက်ပျိုးခြင်းဖြင့် အရိပ်လဲရသလို အိမ်နောက်ဖေး ဈေးဆိုင်တည်သကဲ့သို့ အရွက်နုချိန် မှာလည်း အရွက်သုတ်၊ အချဉ်ရည်ဟင်းများလည်း ချက်သောက်၍ ရပါကြောင်း၊ အသီးနုချိန်မှာလည်း မြေပဲဆံ၊ မျှစ်တို့ဖြင့် မန်ကျည်းသီးစိမ်းချက်ကိုလည်း စားသုံးကြသလို မန်ကျည်းသီးမှည့်ချိန်မှာလည်း မန်ကျည်းသီးမှည့်များ ရောင်းချရသဖြင့် မီးဖိုချောင် အသုံးစရိတ်များ ရရှိသောကြောင့် မန်ကျည်းပင် ကိုလည်း စိုက်ပျိုးသင့်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)