Main menu

အထက်မင်းလှမြို့၊ မယ်ဇလီတောကျေးရွာ၌ (မိုးကြို)ပြောင်းစီးစိုက်ပျိုးခြင်းဖြင့် တောင်သူများအကျိုးအမြတ်ရရှိ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ပန်းတော်ပြင်ကျေးရွာအုပ်စုရှိ မယ်ဇလီတောကျေးရွာတွင် သီးနှံမျိုးစုံစိုက်ပျိုးကြပြီး ပြောင်းသီးနှံများကို စိုက်ဧက ၃၅ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

     ပြောင်းသီးနှံကို ဧပြီလတွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးပြီး(၂)လကျော်အကြာတွင် ခူးဆွတ်ရ ကြောင်း၊ မျိုးအနေဖြင့် ထိုင်ဝမ်ပြောင်းစီး(အဖြူ)မျိုးများကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးထုပ် (၈) ထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ ယခင် နှစ်ကစိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ်(၉)သိန်းခန့် ကုန်ကျခဲ့သော်လည်း ယခုနှစ်တွင်မူ သွင်းအားစုစရိတ် အနည်းငယ်မြင့်တက်လာ၍ ကျပ်(၁၀)သိန်းခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပြောင်းဖူးအရေအတွက် (၉၀၀၀) ခန့်ထိထွက်ရှိရာ စိုက်ပျိုးမြေအနေအထားနှင့် သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ်မူတည်၍ သီးနှံ အထွက်နှုန်းများ ကွဲပြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇွန်လ(တတိယပတ်)တွင် ပြောင်းဖူး တစ်ဖူးလျှင် (အကြီး၊ အသေးအလိုက်)လက်ကားဈေး ကျပ်(၃၅၀-၄၀၀)နှုန်းဖြင့်ရောင်းချရပြီး အကျိုး အမြတ်အနေဖြင့် တစ်ဧကလျှင် ကျပ်(၂၁)သိန်းမှ(၂၆)သိန်း ခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့ပေါ်ရှိ ကုန်စိမ်းပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ပြောင်းသီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိကာ အဆင်ပြေလျက်ရှိကြောင်း ပြောင်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

DOCA(မကွေး)