Main menu

ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးခြင်း

Powered by Drupal

   (၂၄.၆.၂၀၂၅)ရက်နေ့ နံနက်(၁၀:၁၅)နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ(၃)ဉီးတို့သည် အမှတ်(၂၆၃)၊ (၆)လမ်း၊ ရန်ကုန်စက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ် For Ever Myanmar စက်ရုံ၌ ထုတ်လုပ်လျက်ရှိသော တိတ်၊ ပရုပ်လုံး၊ နားကြပ်တံ အမျိုးမျိုးအား ဈေးကွက်မရောက်မီအသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဆွေးနွေးခဲ့ရာတွင် For Ever Myanmar စက်ရုံမှ စက်ရုံမှူး ဉီးဟိန်းထက်အောင်ပါ ဝန်ထမ်းများအား စားသုံးသူရေးရာဉီးစီးဌာနမှ ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးက ဌာနဖြစ်ပေါ်လာပုံ၊ ဌာနအဆင့်ဆင့်ပြောင်းလဲလာပုံ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့်အချက် များ၊ လိုက်နာမှုမရှိပဲ ဖောက်ဖျက်ကျူးလွန်ခဲ့လျှင် ချမှတ်ခံရမည့်ပြစ်မှု၊ ပြစ်ဒဏ်များနှင့်စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များကို အကျယ်တဝင့်ပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ (၇)ဉီးတက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို (၁၀:၄၀)အချိန်တွင် ရုပ်သိမ်းခဲ့ပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)