Main menu

ကျွန်းလှမြို့တွင် ရှားပါးပြီး ဈေးကောင်းရရှိနေသော သပြေပန်း ဈေးနှုန်း

Powered by Drupal

ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင် ပြီး အသက်မွေးဝမ်းကြောင်းပြုကြသူများရှိသလို တောတောင်ကို အမှီပြုပြီး သပြေပန်းချိုးရောင်း ခြင်း၊ မျှစ်ချိုရောင်းခြင်း၊ မှိုရှာရောင်းခြင်း၊ အသီးအရွက်ခူးရောင်းခြင်း၊ အင်ဖက်ခူးရောင်းခြင်းနှင် ပျားရှာသည့်လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်း ပြုသူများရှိသည့်အနက် သပြေပန်းကို လည်းချိုးပြီး ကျွန်းလှမြို့သစ်ရာမြိုင်ဈေးတွင် လာရောက် ရောင်းချလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း သပြေပန်းအခက် တစ်စည်းလျှင်(၁၅၀၀) ကျပ်၊ သပြေပန်း အငုတ်ကြီး(၁)ငုတ်လျှင်(၄၀၀၀/၅၀၀၀)ကျပ် နှင့် သပြေပန်း အငုတ်သေး(၁)ငုတ်လျှင် (၂၅၀၀/၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး လူကြိုက်များသော ပန်းဖြစ်သည့် အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ပန်းရောင်းချသူ များထံမှ သိရသည်။

Doca(စစ်ကိုင်း)