
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ရာသီပေါ်ကြံသကာများလည်း ရောင်းချနေကြောင်း သိရသည်။
ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကြံသကာများကို မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ရောင်းချနေသော ကြံသကာဈေးနှုန်းမှာ တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၃၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၆၅၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ကြံသကာကို မုန့်လုပ်ရာ၌ လည်းကောင်း၊ ရေနွေးကြမ်းဝိုင်း၌လည်းကောင်း အသုံးပြုရန်ဝယ်ယူကြကြောင်း၊ လုပ်ငန်းရှင်များ ထံမှ သိရှိရပါသည်။
Doca(စစ်ကိုင်း)