
ပါဝါကဏ္ဍတွင် ငွေကြေးတည်ငြိမ်မှုနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုပြန်လည်ရရှိစေရန် ရည်ရွယ်၍ ပါကစ္စတန်ရူပီငွေ ၁.၂၇၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄.၆ ဘီလီယံခန့်) အား ပါကစ္စတန် ပြည်ထောင်စု အစိုးရအဖွဲ့က ဇွန် ၁၉ ရက်တွင် အတည်ပြုခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး ထုတ်ပြန်ချက်အရသိရသည်။ ၎င်းကို သမိုင်းဝင်ခြေလှမ်းတစ်ခုအဖြစ်ဖော်ပြကာ ဝန်ကြီးချုပ် Shehbez Sharif က အဆိုပါအစီအစဉ်သည် ရေရှည်တည်တံ့ခိုင်မြဲသော ပြုပြင်ပြောင်းလဲမှုများ၊ ဘဏ္ဍာရေးဝန်ထုတ်ဝန်ပိုးကိုလျှော့ချရန်နှင့် နိုင်ငံတော်ဘတ်ဂျတ်အပေါ်ဖိအားမထည့်ဘဲ နိုင်ငံ၏ စွမ်းအင်အခြေခံအဆောက်အအုံကို ခိုင်ခံစေမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ခြောက်နှစ်စီမံကိန်း အား ပြည်တွင်းကူးသန်းရောင်းဝယ်ရေးဘဏ်များမှ အတိုးနှုန်း ၀.၉ ရာခိုင်နှုန်းဖြင့် သုံးလကြာ Karachi Interbank Offered Rate အောက်တွင် ထောက်ပံ့ပေးမည်ဖြစ်ပြီး လေးလပတ်အရစ်ကျ ပေး ချေမှု ၂၄ ခုကို ပြန်လည်ဆပ်နိုင်ခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ သီးခြားထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။ ရူပီး ၆၈၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၄၇ ဘီလီယံ) ဝန်းကျင်အား Power Holding ကုမ္ပဏီ၏ ကြွေးမြီးများကို ပြန်လည်ထုတ်ပေးရန် အသုံးပြုသွားမည်ဖြစ်ပြီး ကျန်ငွေများမှာလွတ်လပ် သောပါဝါ ထုတ်လုပ်သူများ၏ နှစ်ရှည်လများ အခွန်အခများကို ရှင်းပေးမည်ဖြစ်သည်။
Source : Xinhua
DOCA(ရန်ုကုန်)