Main menu

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင်ရောင်းချလျက်ရှိသော ဆူးမုန့်ခွေဈေးနှုန်း/ဈေးကွက်

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့တွင်ရောင်းချလျက်ရှိသောမုန့်အမျိုးမျိုးအနက်မှ ထားဝယ်မြို့မှ ဝယ်ယူရောင်းချလျက်ရှိသော ဆူးမုန့်ခွေသည် အလွန်ပင် ရောင်းကောင်းပြီး ဝယ်ယူစားသူံးသူများပြားကြောင်း သိရှိရပါသည်။ ထားဝယ်ဒေသထွက် အစားအစာမုန့် တစ်မျိုးဖြစ်သည့် ဆူးမုန့်ခွေကို ခရီသွားလက်ဆောင်အနေဖြင့်လည်းကောင်း အိမ်ပြန်လက်ဆောင်အနေဖြင့် ဝယ်ယူကြကြောင်းသိရှိရပါသည်။ ဆူးမုန့်ခွေသည် စားကောင်းသောကြောင့် အလွန်ပင်ရောင်းကောင်းကြောင်း သိရှိရပါသည်။

 ၂၀၂၅ခုနှစ်၊ ဇွန်လတွင် မြိတ်မြို့ပေါ်ရှိ ထားဝယ်ဒေသထွက်အစားအစာမုန့်တစ်မျိုးဖြစ်သည့် ဆူးမုန့်ခွေသည် တစ်ထုပ်လျှင် (၂၆၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)