
တန်ဇန်းနီးယားနိုင်ငံသည်နိုင်ငံ၏ ပထမဆုံး ခေတ်မီကြေးနီပြုပြင်ရေး စက်ရုံကို တရားဝင်ဖွင့် လှစ်လိုက်ပြီဖြစ်ကြောင်း ဇွန်လ ၁၉ ရက်က တရားဝင်ထုတ်ပြန်ခဲ့သည်။ Mbeya ဒေသရှိ Chunya ခရိုင်တွင် ၀န်ကြီးချုပ် Kassim Majaliwa က ဇွန်လ ၁၈ ရက်နေ့တွင် ဖွင့်လှစ်သည့် အဆိုပါစက်ရုံကို Mineral Access Systems Tanzania Ltd (MAST) မှ လည်ပတ်ဆောင်ရွက်သည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ နိုင်ငံတော်၏ မျှော်မှန်းချက်နှင့် စီးပွားရေး အသွင်ကူးပြောင်းမှု၏ သင်္ကေတ အဖြစ် စက်ရုံတည်ဆောက်မှုသည် ဒေသတန်ဖိုးမြှင့်တင်ရေး၊ ခေတ်မီနည်းပညာများကို အသုံးပြု၍ ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်သိမိုင်းတွင်း အလေ့အထများကို ကျင့်သုံးရန် အစိုးရ၏ ကတိကဝတ်ကို ထင်ဟပ်စေကြောင်း Majaliwa မှ ပြောကြားခဲ့သည်။ "တန်ဇန်းနီးယားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအခြေအနေများ ဆက်တိုက်တိုးတက်နေမှုကို မီးမောင်းထိုးပြသည်" ဟု ၎င်းက ဆိုသည်။ MAST ဒါရိုက်တာ Godfrey Kente က အဆိုပါစက်ရုံသည် Chunya ရှိ Mbugani ဧရိယာမှ ကြေးနီ ၀.၅ မှ ၂ ရာခိုင်နှုန်းကြား ကြေးနီသတ္တုရိုင်းများ ထုတ်ယူရန် ရည်မှန်းထားပြီး သတ္တုရိုင်းများကို ၇၅ ရာခိုင်နှုန်းအထိ သန့်စင်နိုင်ရန် အဆင့်မြှင့်တင်ပေးမည်ဟု ဆိုသည်။ အဆိုပါစက်ရုံသည် တစ်လလျှင် ကြေးနီသတ္တုရိုင်းတန်ချိန် ၃၁၂၀၀၊ MAST ကိုယ်ပိုင်သတ္တုတွင်းမှ တန်ချိန် ၂၇၂၀၀ နှင့် နိုင်ငံတစ်ဝှမ်းရှိ အသေးစားမိုင်းတွင်းလုပ်သားများမှ ဝယ်ယူသည့် တန်ချိန် ၄၀၀၀ ရှိကြောင်း ၎င်းက ဆိုသည်။ MAST သည် ကြေးနီ ရှာဖွေတွေ့ရှိခဲ့သည့် Manyara၊ Ruvuma နှင့် Dodoma ဒေသများတွင် ကြေးနီပြုပြင် ရေးစက်ရုံ ၃ ရုံကို တိုးချဲ့တည်ဆောက်ရန် စီစဉ်နေကြောင်း Kente မှ ပြောကြားခဲ့သည်။
DOCA(ရန်ကုန်)