Main menu

ကယားပြည်နယ်အတွင်း အခြေခံစားသောက်ကုန်များ ကွင်းဆင်းစစ်ဆေးခဲ့ခြင်းနှင့် စားဖိုဆောင်သီးနှံဈေးနှုန်းများ

Powered by Drupal

     ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းသို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီး ဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့နှင့်ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ မရှိစေရန် ကွင်းဆင်းစစ်ဆေးပြီး အခြေခံစားကုန်ဈေးနှုန်းစာရင်း ကောက်ယူမှုများပြုလုပ်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းကောက်ယူခဲ့ရာ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဖြစ်ပေါ်နေသော စာဖိုဆောင်သီးနှံဈေးနှုန်းများမှာ ငရုပ်သီး‌ခြောက်(အပု) တစ်ပိဿာလျှင်(၄၅၀၀၀/-)ကျပ်၊ ငရုပ်သီး ခြောက်(အရှည်) တစ်ပိဿာလျှင်(၁၆၅၀၀/-)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင်(၁၈၀၀/-)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ/ဒေသစ) တစ်ပိဿာလျှင် (၇၅၀၀/-)ကျပ်၊ ဂျင်း တစ်ပိဿာလျှင်(၅၀၀၀/-) ကျပ်၊ ဆား တစ်ထုပ်လျှင်(၁၀၀၀/-)ကျပ်၊ မြေပဲဆန်တစ်ပိဿာလျှင်(၁၀၅၀၀/-)ကျပ်၊ မန်ကျည်းသီး တစ်ပိဿာလျှင်(၆၀၀၀/-)ကျပ်၊ အာလူးတစ်ပိဿာလျှင်(၄၅၀၀/-)ကျပ်၊ ကန်စွန်းရွက် တစ်စည်း လျှင်(၂၅၀/-)ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင်(၁၅၀၀/-)ကျပ်၊ ပန်းဂေါ်ဖီ တစ်ပွင့်လျှင်(၁၂၀၀/-)ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၄၀၀၀/-)ကျပ်၊ ပဲသီး(ခ)ပဲတောင့်ရှည် တစ်စည်းလျှင်(၇၀၀/-)ကျပ်၊ ပဲရာဇာ/ပဲနီလေး တစ်ပိဿာလျှင်(၁၂၀၀၀/-)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း စားဖိုဆောင်သီးနှံရောင်းချသော ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ကယား)