Main menu

ရင်းနှီးမြှုပ်နှံမှုပလက်ဖောင်းပါဝင်သည့် ပူးပေါင်း‌ဆောင်ရွက်မှုအစီအစဉ် ၄ ခုကို အင်ဒိုနီးရှားနှင့် ရုရှားသဘောတူ

Powered by Drupal

            အင်ဒိုနီးရှားနှင့် ရုရှားတို့သည် ယူရို ၂ ဘီလီယံရင်းနှီးမြှုပ်နှံမှုပလက်ဖောင်းတည်ထောင် ခြင်းပါဝင်သော ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ၄ ခုကို သဘောတူညီခဲ့ကြကြောင်း သိရပါသည်။ ထိုသဘောတူညီချက်များအတွက် စာချုပ်စာတမ်းဖလှယ်သည့်အခမ်းအနားကို ဇွန်လ ၁၉ ရက်‌နေ့ က ရုရှားနိုင်ငံစိန့်ပီတာစဘတ်မြို့ရှိ Konstantinovsky နန်းတော်တွင်ကျင်းပပြုလုပ်ခဲ့ပြီး ရုရှား သမ္မတ ဗလာဒီမာပူတင်နှင့် အင်ဒိုနီးရှားသမ္မတ Prabowo Subianto တို့တက်ရောက်ခဲ့ကြောင်း သိရပါသည်။ ထိုပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ၄ ခုအနက် ၃ ခုမှာ အဆင့်မြင့်ပညာရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဒစ်ဂျစ်တယ်နှင့် လူထုဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်ရေး အစရှိသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုပါဝင်ကြောင်း သိရပါသည်။ စတုတ္ထသဘောတူညီချက် တွင် နှစ်နိုင်ငံ၏နိုင်ငံပိုင်အစုရှယ်ယာရင်းနှီးမြှုပ်နှံမှုရန်ပုံငွေများကြား ယူရို ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံ မှုပလက်ဖောင်းဖန်တီးရန်ပါဝင်ကြောင်း သိရပါသည်။ ရုရှားသမ္မတ ပူတင်က အင်ဒိုနီးရှားသည် အာရှပစိဖိတ်ဒေသတွင် ရုရှား၏ အရေးပါသောမိတ်ဖက်ဖြစ်ကြောင်းနှင့် ယခုနှစ်၏ ပထမ ၄ လ တာကာလတွင် နှစ်နိုင်ငံကြားကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံဖြင့် ၂၀၂၄ ခုနှစ် တူညီသည့်ကာလထက် ၄၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ သမ္မတ Prabowo က များစွာသောနယ်ပယ်များတွင် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုများသည် သိသာထင်ရှားစွာမြင့်တက်ခဲ့ကြောင်းနှင့် သမ္မတပူတင်နှင့် အစည်းအဝေးသည်လေးနက်နွေးထွေးမှုရှိပြီး အကျိုးရှိကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News

DOCA (ရန်ကုန်)