Main menu

ပန်းတိမ်ငို(ခေါ်)ပန်းတိမ်မနိုင်ပန်းများ အရောင်းသွက်

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းတွင်သာမက ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုပါ လုပ်ကိုင်ဆောင်ရွက်လျှက်ရှိရာ ကျွန်းလှမြို့၏ ရာသီသီးနှံများအကြောင်းကိုလည်း လစဉ်အပတ်စဉ် တင်ပြလျှက်ရှိရာ ယခုဇွန်လ ဒုတိယပတ်တွင် ပန်းတိမ်ငို (ခေါ်) ပန်းတိမ်မနိုင်ပန်းများ ဈေးကောင်းရရှိကာ ဈေးကွက်အတွင်းသို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

    ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးအတွင်း ရောင်းချလျက်ရှိ သော ပန်းတိမ်ငို(ခေါ်)ပန်းတိမ်မနိုင်ပန်းများ၏ ဈေးနှုန်းအနေဖြင့် ပန်းတိမ်ငို(ခေါ်)ပန်းတိမ်မနိုင်ပန်း (အဖြူရောင်ရောင်)အခက်အကြီး တစ်ခက်လျှင်(၅၀၀)ကျပ်၊ (၃)ခက်တစ်စည်းလျှင်(၁၅၀၀)ကျပ်၊ ပန်းတိမ် ငို(ခေါ်)ပန်းတိမ်မနိုင်ပန်း(အဖြူရောင်ရောင်) အခက်သေး တစ်ခက်လျှင်(၃၀၀)ကျပ်၊ (၅)ခက်ပါ တစ်စည်းလျှင်(၁၅၀၀)ကျပ်နှုန်းဖြင့်  ဈေးကောင်းရရှိကာ  အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ပန်းသည် တစ်ဦထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)