Main menu

ကျွန်းလှမြို့ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော နှင်းပန်းဈေးနှုန်း

Powered by Drupal

  ကျွန်းလှမြို့နယ်တွင် မိသားစုစားဝတ်နေရေးအတွက် ပန်းမျိုးစုံရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ကြ ရာတွင် နှင်းဆီပန်းအရောင်မျိုးစုံ၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ အောင်သပြေပန်း၊ အာစီယံသပြေပန်း၊ သစ္စာပန်း၊ စံပါယ်ပန်း၊ ဇွန်ပန်း ဂမုန်းပန်း စသည်တို့ကိုလည်း ရောင်းချကြပါသည်။ နှင်းပန်းသည် ဘူရားပန်း ကပ်လှူရန်အတွက်သာ အသုံးပြုကြပြီး  နှင်းပန်း၏ ရနံ့ သည်မွှေးကြိုင်နေသော အဆင်းအနံ့ ရှိသည့် အတွက် လူတိုင်းကကြိုက်နှစ်သက်ကြပြီး ရောင်းကောင်းသည့် ပန်းတစ်မျိုး လည်းဖြစ်ပါသည်။ နှင်းပန်း များကို ရွှေဘိုမြို့၊ မန္တလေးမြို့တို့မှ မှာယူ ရောင်းချရ ပါကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ပန်းမျိုးစုံရောင်းချနေသူ တစ်ဦးထံမှ သိရှိရပါသည်။

   နှင်းပန်းများကို ရွှေဘိုမြို့ နှင့် မန္တလေးမြို့မှ ဖောက်သည် ဝယ်ယူရပြီး ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော နှင်းပန်းဈေးနှုန်းအနေဖြင့် နှင်းပန်း(၅)ခက်ပါ တစ်စီးလျှင် (၁၀၀၀)ကျပ် နှင့် နှင်းပန်း(၁၀)စီး တစ်ထုံးလျှင်(၉၀၀၀)ကျပ်ဖြင့် ပြန်လည် ရောင်းချလျက်ရှိ ကြောင်း သစ်ရာမြိုင်ဈေး ပန်းမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)