Main menu

ရွှေဘိုမြို့၏ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါ သည်။

   ဇွန်လ၊ တတိယအပတ်တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာတစ်အိတ်လျှင် (၁၉၄၀၀ဝိ/-) ကျပ်၊ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာတစ်အိတ်လျှင်(၉၂၀၀၀ဝိ/-)၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓါတ်မြေဩဇာ တစ်အိတ်လျှင်(၁၁၀၀၀ဝိ/-)၊ MCတံဆိပ်(၁၅:၁၅:၁၅) ကွန်ပေါင်းဓါတ်မြေဩဇာ တစ်အိတ်လျှင် (၁၆၉၅၀ဝိ/-)ကျပ်၊  ဒီမွန် 1.8တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 500cc တစ်ဗူးလျှင် (၂၂၀၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့်ပိုးသတ်ဆေး တစ်လီတာတစ်ဗူးလျှင်(၇၃၀၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင် တံဆိပ်ထိသေ/စားသေ (အဆိပ်ငွေ့)100ccတစ်ဗူးလျှင်(၃၀၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချ လျက်ရှိပြီး ပန်းဖူးတံဆိပ်ဓါတ်မြေဩဇာနှင့် ရှောင်လင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) ပိုးသတ်ဆေး များမှာ ဈေးကွက်အတွင်းပစ္စည်းပြတ်လျက်ရှိကြောင်း၊ အရောင်းအဝယ်ဖြစ်မှုမှာလည်း ပုံမှန်သာဖြစ် ကြောင်း ဓါတ်မြေဩဇာနှင့်ပိုးသတ်ဆေး အရောင်းဆိုင်များမှတာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)