Main menu

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ငါးဖယ်ခြစ်နှင့်ငါးဖယ်ဈေးနှုန်း

Powered by Drupal

  ငါးပတ်နှင့်ငါးပေါက်စကို ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို  လက်လီ/လက္ကား ငါးအရောင်းအဝယ်ပြုလုပ်သည့် ဒိုင်များမှ ဝယ်ယူရောင်းချကာ  ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

   ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထအပတ်တွင် ကျွန်းလှမြို့၏ ငါးဖယ်ခြစ် ဈေးနှုန်းများ အနေဖြင့် ငါးဖယ်ခြစ် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ငါးဖယ်ခြစ်(၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ ငါးဖယ်ခြစ် (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ်နှင့်ငါးဖယ်ခြစ်(၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်ဈေးနှုန်းတို့ဖြစ်ပြီး ငါးဖယ် ဈေးနှုန်း အနေဖြင့် ငါးဖယ် အကောင်လိုက် လက်လီ တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၇၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း ငါးအရောင်းအဝယ်လုပ်ကိုင်သူ ထံမှ သိရ ပါသည်။

DOCA(စစ်ကိုင်း)