
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် (၂၀.၆.၂၀၂၅) ရက်နေ့(၁၁:၀၀) အချိန်တွင် မိုးညှင်းမြို့၊အောင်သပြေရပ်ကွက်အတွင်းရှိ စားသုံးသူများအား အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အခွင့်အရေးများ၊ စားသုံးသူ၏ တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု နှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုး နှင့်အညီ ပေးချေခြင်း၊ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေး နည်းလမ်းများ ဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာစီးပွားရေး လုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာ စေရန် မဟုတ်မမှန်ပြောဆိုခြင်း၊ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍အာမခံပေးထားမှုအပေါ်စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးနှင့် တက်ရောက် လာသော စားသုံးသူပြည်သူများအား 1535 Consumer Call Center လိုင်းခွဲ (1)၊ (2)၊ (3) သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့် နည်းလမ်းများအား အသိပညာပေးဟောပြောခဲ့ပါသည်။
DOCA(ကချင်)