Main menu

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ခရမ်းချဥ်သီးဈေးနှုန်း

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ရှမ်းချောင်းကုန်စိမ်းဈေးသို့ ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေး၊ အောင်ပန်းနှင့် အခြားဒေသများမှ ယခင်လထက်ပိုမိုဝင်ရောက်လာ ကြောင်းသိရှိရပါသည်။ မြိတ်မြို့နယ်အတွင်း ရောင်းချနေသည့် ခရမ်းချဥ်သီးများကို ရှမ်းပြည်နယ် (တောင်ပိုင်း) အဓိကထား၍ မှာယူဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါသည်။ ဗမာခရမ်းချဥ်သီးမှာ အခွံပါးပြီး အနှစ်များသော်လည်း တာရှည်အထားခံမှုမရှိ၍ ဈေးကွက်အတွင်း ဝယ်ယူသူနည်း၍ ဈေးကွက်သို့ဝင်ရောက်မှုနည်းကြောင်း ထိုင်ဝမ်ခရမ်းချဥ်သီးမျိုးမှာ အခွံထူ၍ အထားခံသောကြောင့် ဝယ်ယူသူများပိုမိုများပြားကြောင်းလည်း သိရှိရပါသည်။
၂၀၂၅ခုနှစ်၊ ယခုဇွန်လနောက်ဆုံးပတ်တွင် မြိတ်မြို့ပေါ်ရှိ ခရမ်းချဥ်သီး‌ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်နှင့် (၄၅၀၀)ကျပ်ထိရှိပြီး ယခင်ဇွန်လတတိယပတ်တွင် မြိတ်မြို့ ပေါ်ရှိ ခရမ်းချဥ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃၅၀၀)ကျပ်နှင့် (၄၀၀၀)ကျပ်ရှိကြောင်း ကုန်စိမ်းရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)