Main menu

ဒေသတွင် စိုက်ပျိုးထွက်ရှိသည့် အုန်သီးစျေးနှုန်းစျေးကွက်

Powered by Drupal

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် အုန်းပင်ကို ယခင်က စီးပွားဖြစ်စိုက်ပျိုးခဲ့ကြသော်လည်း ယခုအချိန်တွင် ပြည်တွင်းစားသုံးရန်အတွက်သာ တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိသည်။ ကျန်းမာ ရေး အတွက်သာမက နွေရာသီတွင် လူသောက်သုံးများပြီး ထင်ပေါ်သည့်အသီးတစ်မျိုးဖြစ်သည်။ လက်လုပ်မုန့်အချိုပြုလုပ်ရာတွင်လည်းကောင်း အုန်သီးဂျယ်လီပြုလုပ်ရာတွင်လည်းကောင်း မပါ မဖြစ်သော အသီးဖြစ်သည်။ နွေရာသီတွင် စျေးကောင်းရရှိလျက်ရှိပြီး တစ်ခါတစ်ရံ အုန်သီးနု ရှားပါးသော ရာသီလည်းဖြစ်သည်။ အုန်းသီးကို အခြောက်အဖြစ်ကောက်ယူရောင်းချကြသလို အုန်းသီးအနုအဖြစ်လည်း ကောက်ယူရောင်းချကြသည်။ အပင်တက်ခ၊ သယ်ယူစရိတ်ပေါ်မူတည် ပြီး စျေးနှုန်း ပြောင်းလဲလျက်ရှိသည်။ အုန်းပင်မှ အုန်းသီးတစ်ခါကောက်လျှင် အပင်ကောက်ခကို အသီးအနည်းအများပေါ်မူတည်ပြီး ၃၀၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ ရှိပြီး အုန်းသီးအဝယ်ဒိုင်များမှ အပင်ဖြတ် လာရောက်ဝယ်ယူပါက တစ်လုံးလျှင် ၁၀၀၀ကျပ် မှ ၁၅၀၀ကျပ်အထိရရှိကြသည်။
လက်ရှိ ဇွန်လစျေးနှုန်းအရ မြိတ်မြို့တွင် အုန်းသီးခြောက်စျေးနှုန်းမှာ ၄၅၀၀ ကျပ်ခန့်ရှိပြီး အုန်သီးအနုစျေးနှုန်းမှာ ၂၅၀၀ကျပ် ခန့်ဖြစ်ပေါ်နေကြောင်းသိရှိရသည်။ နွေရာသီရောက်လျှင် အုန်းသီးခြောက်စျေးနှုန်းမှာ ၅၅၀၀ ကျပ်ခန့်ရှိပြီး အုန်သီးအနုစျေးနှုန်းမှာ ၃၅၀၀ကျပ် ခန့်ထိ စျေးနှုန်းရရှိကြောင်း သိရှိရသည်။
DOCA(တနင်္သာရီ)