Main menu

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိကျွဲကောသီးဈေးနှုန်း

Powered by Drupal

ကျွဲကောသီးသည် လူကြိုက်များပြီး ဈေးကောင်းရရှိလျက်ရှိကြောင်း သိရှိရပါသည်။ ကျွဲ ကောသီးကို ပဲခူး၊ ရန်ကုန်၊ မွန်ပြည်နယ်များ အများဆုံးစိုက်ပျိုးပြီး မွန်ပြည်နယ်၊ မော်လမြိုင်နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့မှထွက်ရှိသော ကျွဲကောသီးများသည် ပို၍ထွက်ရှိကြောင်း သိရှိရပါသည်။ ကျွဲကောသီးသည် သဲနုံမြေတွင် စိုက်ပျိုးပြီး ဇွန်လနှင့် သြဂုတ်လတွင် ပိုမိုစိုက်ပျိုးကြောင်း သိရှိရပါသည်။ ကျွဲကောသီး စားသုံးခြင်းဖြင့် သွားနှင့် ခံတွင်းကို ပိုမိုကောင်းမွန်စေပြီး ကိုယ်ခန္ဓာ ကိုအားအင်ဖြစ်စေပြီး ကိုယ်အလေးချိန်ကို ထိန်းချုပ်ပေးခြင်းနှင့် သွေးဖိအားများကို အလွန်ပင် ကောင်းစေသော သီးနှံတစ်မျိုးဖြစ်သည်။
ယခုဇွန်လတွင် မြိတ်မြို့ပေါ်ရှိ ထွက်ပေါ်နေသော ကျွဲကောသီးဈေးနှုန်းများမှာ တစ်လုံး လျှင် ၅၀၀၀ ကျပ်ခန့်ရှိနေကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)