Main menu

ဇွန်လ စတုတ္ထပတ်တွင် ဖြစ်ပေါ်လျက်ရှိသော ပုဇွန်ဆိတ်ဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့မဈေးတွင် အသားငါးအမျိုးစုံအပြင် ရေထွက် ကုန်ပစ္စည်းတစ်မျိုးဖြစ်သော ပုစွန်ဆိတ်များကိုလည်း ရောင်းချလျက်ရှိပါသည်။  ယခုအခါ  ပုဇွန် ဆိတ်များကို  ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များမှ ဝင်ရောက်လျက်ရှိကြောင်း၊  ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း  ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ပုဇွန်ဆိတ်ဈေးနှုန်း များမှာ ပုဇွန်ဆိတ် (အကြီး) တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ပုဇွန်ဆိတ် (အကြီး) (၅၀)ကျပ်သား လျှင် (၁၂၅၀၀)ကျပ်၊ ပုဇွန်ဆိတ်(အကြီး) (၁၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ ပုဇွန်ဆိတ်(အသေး)   တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ပုဇွန်ဆိတ်(အသေး) (၅၀)ကျပ်သားလျှင် (၇၅၀၀)ကျပ်၊  ပုဇွန်ဆိတ်(အသေး) (၁၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)