Main menu

ကင်ပလင်းရွက်နှင့် ဥသျှစ်ရွက်ဈေးနှုန်း

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

   ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ကင်ပလင်း ရွက်နှင့် ဥသျှစ်ရွက်များကို စိုက်ပျိုးကြကြောင်း၊ ကင်ပလင်းရွက်နှင့်ဥသျှစ်ရွက်များကို ကန့်ဘလူမြို့မ ဈေးတွင်ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း ကင်ပလင်းရွက်(၁)ပုံလျှင်(၃၀၀) ကျပ်၊ကင်ပလင်းရွက် (၂)ပုံလျှင်(၅၀၀)ကျပ်၊ ကင်ပလင်းရွက်(၄)ပုံလျှင်(၁၀၀၀)ကျပ်နှင့် ဥသျှစ်ရွက် (၁)ပုံလျှင် (၃၀၀)ကျပ်၊ ဥသျှစ်ရွက်(၂)ပုံလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း ကင်ပလင်းရွက်နှင် ဥသျှစ်ရွက်များကို အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း၊ ထမင်းဆိုင်များမှ ဝယ်ယူကြသဖြင့် ကင်ပလင်းရွက်နှင့် ဥသျှစ်ရွက်များအရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိကုန်စိမ်းရောင်း ချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA( စစ်ကိုင်း)